Skip to main content

2 posts tagged with "artificial-intelligence"

View All Tags

· One min read
Min Si Thu

အေအိုင်နဲ့ ပတ်သတ်ပြီး ပြည်တွင်းမှာလုပ်မယ်ဆိုရင် ၂ခုရှိပါတယ်။

ပထမတခုက end user ကို တွန်းပို့ပေးတဲ့ service လုပ်လို့ရပါတယ်။ end user ဆိုတဲ့အထဲမှာ business တွေ, public end user တွေပါပါတယ်။ end user ကိုတွန်းပို့ဖို့အတွက် အခက်ခဲဆုံးကတော့ infrastructure ပါ။

နောက်တခုကတော့ developer တွေဘက်ကိုတွန်းပို့ပေးတာပါ။ ဒီတခုကတော့ ခက်သယောင်ရှိပေမယ့် အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ Developer တွေအနေနှင့် အေအိုင်နှင့်ပတ်သတ်တဲ့ သင်္ချာတွေ, စာရင်းအင်းတွေ,လိုက်လေ့လာစရာမလိုပဲ end developer api တွေထုတ်ပေးဖို့ပါ။ အကုန်လိုက်လေ့လာရအောင်လည်း field ချင်းကွာခြားမှုများသလို အကုန်အစအဆုံးလိုက်သိနေဖို့လည်း မလိုဘူးလို့မြင်ပါတယ်။ ပူးပေါင်းလုပ်လို့တော့ ရတာတွေအများကြီးပါ။ အေအိုင်ရဲ့ ပြဿနာတခုကလည်း api သုံးတဲ့အဆင့်မှာကို လေ့လာရမလွယ်ကူတာပါ။ DX - Developer Experience ကိစ္စကိုလည်းထည့်တွက်ရပါတယ်။

အခု မြန်မာdeveloperတွေလက်ထဲ မကြာခင် ai api တခုထည့်ပေးဖို့ လုပ်နေပါတယ်။ ဒီတခုက အစလည်းဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်အကူအညီတွေအများကြီးလိုအပ်နိုင်ပါတယ်။ နိုင်ငံရေးမကောင်းတဲ့ စုတ်တီးစုတ်ပြတ်နိုင်ငံကလူငယ်တွေဟာ ဖုန်ဆိုးမြေမှာပွင့်တဲ့ပန်းတွေဆိုတာ ကျွန်တော်တို့လုပ်ရမယ့်ဟာထင်ပါတယ်။ ရေမြေမကောင်းလည်း ပွင့်မယ့်ပန်းတွေအများကြီးရှိသေးကြောင်း။

Check the original post

· One min read
Min Si Thu

မင်္ဂလာပါ။ ကျွန်တော်ကတော့ မင်းစည်သူပါ။ Burmese Voice AI library ကို လုပ်ခဲ့ပါတယ်။

မြန်မာနဲ့ပတ်သတ်တဲ့ programming library, framework တွေကတကယ်ရှားပါတယ်။ ဒီလိုရှားရခြင်းအကြောင်းကလည်း အများကြီးရှိပါတယ်။ ပြည်တွင်းစစ်, နိုင်ငံရေးမတည်ငြိမ်မှု, စီးပွားရေးချွတ်ခြုံကျမှူအပြင် ပညာရေးနိမ့်ပါးလာခြင်းတွေဟာ ဖန်တီးမှုအသစ်တွေထွက်လာဖို့ တားဆီးရတဲ့အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။

ဒီလိုတွေကြားကနေ AI library တခုဖန်တီးဖို့အတွေးလေးတခုဖြစ်လာပါတယ်။ မြန်မာအသံနှင့် voice command ပေးလို့ရရင်အဆင်ပြေမယ်လို့ တွေးမိပါတယ်။ Voice Command ကို ဗမာစကားနှင့် အဆင်ပြေသွားရင် robotics, gaming, home control, IOT, web interface စတာတွေမှာ အတော်အဆင်ပြေသွားမယ် ထင်ပါတယ်။

ဒီိလိုလုပ်ချင်တယ်လို့ ကျွန်တော်စကားစကြည့်တော့ လူတွေက ဒီကောင်ရူးကြောင်ကြောင်တွေ ပြောနေပြီဆိုတဲ့အကြည့်နှင့် နှာခေါင်းရှုံကြပါရော။ တခါတလေတော့လည်း ခက်ခဲပါတယ်။

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော်က Foreign PhD လည်းမဟုတ်။ နိုင်ငံရပ်ခြားက နာမည်ကြီးကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်တဲ့ programmer လည်းမဟုတ်၊ ဒီကောင် အာချောင်တယ် ဆိုတာထက် ပိုတဲ့တုံ့ပြန်မှုလည်း မရခဲ့ပါဘူး။

ဒီလိုနှင့် ကျွန်တော် ဒီ library လေးကို တယောက်တည်းသာလုပ်ဖြစ်ပါတယ်။ ဘယ်သူ့မှလည်း ဘာမှမပြောတော့ပါ။ နောက်တော့ တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာတော့ release လုပ်ပါတယ်။ ကမ္ဘာကျော်ဖို့လည်း မမျှော်လင့်သလို, ဆရာကြီးဖြစ်ဖို့လည်း မရည်ရွယ်ရိုးအမှန်ပါ။ ဒါပေမဲ့လည်း အားပေးမှုတွေရရှိတဲ့အတွက် ဝမ်းသာမိပါတယ်။

ဒီ library လေးဟာ မဖြစ်နိုင်ဘူးလို့ထင်တဲ့သူတွေကို ဖြစ်ကြောင်းသက်သေပြချင်တဲ့ အားထုတ်မှုတခုတော့ မဟုတ်ပါဘူး။ ဒီတိုင်း ဖန်တီးချင်တဲ့လူငယ်တယောက်ရဲ့ ဖန်တီးမှုတခုသာဖြစ်ပါတယ်။ ကျွန်တော်တို့က လူငယ်တွေပါ။ ပြည်တွင်းစစ်ဖြစ်နေတဲ့ စုတ်တီးစုတ်ချာနိုင်ငံငယ်လေးက လူငယ်တွေမှာလည်း စိတ်ကူးစိတ်သန်းတွေရှိကြောင်း, သက်သေတခုဖြစ်ပါတယ်။

technical

အဓိကကတော့ ai အသုံးချပြီး Burmese Voice Command ပေးလို့ရအောင်ရည်ရွယ်ပါတယ်။ ဒီလိုရအောင်လုပ်တဲ့နေရာမှာလည်း javascript နှင့် အဓိကရအောင်လုပ်ဖို့ လိုအပ်ပါတယ်။

မြန်မြန်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖြစ်အောင်လည်း လုပ်ပေးထားသလို အသုံးပြုရအလွယ်ဆုံးဖြစ်အောင်လည်းလုပ်ထားပါတယ်။

ဒီထက်ကောင်းတဲ့ burmese voice library တွေလည်း ပေါ်လာနိုင်ပါတယ်။ ဒီတခုကိုပဲ ပိုကောင်းအောင်ဝိုင်းလုပ်ပေးကြတာလည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော့်ကို social မှာ follow ထားနိုင်ပါတယ်။